ပြည်မြို့၏ငရုတ်သီး(ကျောက်စိမ်းသီး)ဈေးကွက်

Powered by Drupal

           ပြည်ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်သီးစိမ်း အမျိုးအစားများမှာ ကျောက်စိမ်းသီး ငရုတ်သီး (စပ်သီး)၊ ပင်နံငရုတ်သီးစသည့် အမျိုးအစားများဖြစ်ပြီး ပြည်မြို့ပေါ် စည်ပင်သာယာဈေး များသို့ ပြည်ဒေသတဝိုက်မြို့နယ်များဖြစ်သော ပေါင်းတလည်၊ ဝက်ထီးကန်၊ ဇီးအုပ်၊ နတ်တလင်းနှင့် ပြည်ခရိုင်အတွင်း မြို့နယ်များဖြစ်သော ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ် (ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်၊ ဆင်မြီးဆွဲ) စသော မြို့နယ်များမှ ကျောက်စိမ်းသီးနှင့် စပ်သီးငရုတ်သီးများ အများ အပြားဝင်ရောက်မှုရှိပြီး ပီနံငရုတ်သီးအနေဖြင့် ရန်ကုန်ဘက်မှ ပြန်လည်ဝင်ရောက်မှုရှိပြီး စပ်သီး အမျိုးအစားကတော့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ဘက်ရှိ တိုင်းကျော်စီးဝင်မှုရှိကြောင်း သိရှိရပါ သည်။ ကျောက်စိမ်းသီးဈေးနှုန်းအနေမှာ တစ်ပိဿာလျှင် ယခင်က ၂၈၀၀-၃၀၀၀ကျပ်၊ ယခု တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ပီနံသီးဈေးမှာ ယခင်က ၂၂၀၀၀-၂၃၀၀၀ကျပ်၊ ယခုတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ခန့်ရှိပြီး ယခင်နှစ်ထက်ဈေးအနည်းငယ်မြင့်တက်နေပြီး ငရုတ်သီးစပ်သီး အမျိုးအစား ကတော့ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)