ခရမ်းချဉ်သီး ဈေးနှုန်းများကျဆင်းလျှက်ရှိ

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော  ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ယခင်က ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်တို့မှ ဝင်ရောက်လျှက်ရှိပြီး ယခုအခါ မန္တလေးတိုင်းတွင်းဒေသထွက် ဗမာခရမ်းချဉ်သီး (ခေါ်) ကိုင်းသီးများနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အများအပြား ဝင်ရောက်လျှက်ရှိပါသည်။ ဒေသထွက် ဗမာခရမ်းချဉ်သီးများ ယခုအခါ လှိုင်လှိုင် ထွက်ပေါ်လျှက်ရှိပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုလည်း စီးပွားဖြစ်စိုက်ပျိုး လာခြင်းကြောင့် ယခုရာသီတွင် ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အပြိုင်ထွက် ပေါ်လာခြင်းဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးများ အနယ်နယ်အရပ်ရပ်မှ အများ အပြားဝင်ရောက်လျှက်ရှိခြင်းကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများ သိသိသာသာကျဆင်းလျှက်ရှိပါ သည်။ ဒီဇင်ဘာလအတွင်း၌ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီး တစ်ပိဿာလျှင်(၆၀၀၀/၈၀၀၀) ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၄၀၀၀/၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက် ရှိခဲ့ရာမှ ဇန်နဝါရီလအတွင်း၌ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီးတစ်ပိဿာလျှင်(၃၀၀၀/၄၀၀၀) ကျပ်၊ ထိုင်ဝမ်သီးတစ်ပိဿာလျှင်(၂၅၀၀/၃၅၀၀)ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၀၀၀/ ၄၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ယခု ဖေဖော်ဝါရီ တတိယအပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားပါသည်။ ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀)ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)