ပဲပုတ်ဈေးနှုန်းစျေးကွက်

Powered by Drupal

 ဖေဖော်ဝါရီလတတိယပတ်အတွင်း  မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်မှ ပဲပုပ်(ရှမ်း)သီးနှံ များဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက်ပဲပုပ်မှာ ပြည်တွင်း စားသုံးမှုများ ပြားခြင်း နှင့်ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုပ်သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက် အတွင်းသို့ ရှမ်းပြည်နယ်မှ ထွက်သည့်ပဲပုတ်များဝင်ရောက်မှုများပြီး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ပဲပုပ်ကို ပြည်တွင်း၌ ပဲပင်ပေါက်၊ ပဲဟင်း၊ ပဲကြော်၊ တို့ဟူး၊ ပဲနို့၊ ပဲပုပ်ဆော့၊ ပဲပုပ်ပြား၊ ပဲပြား၊ ဒိန်ချဉ်၊ ပဲပြားပူတင်း၊ ပဲပုပ်ထောင်း၊ပဲပုပ်စေ့လှော်၊ ပဲငါးပိ၊ ဆီတို့ဟူး၊ ကြာညို့၊ပဲငံပြာရည်၊ ပဲမုန့်တို့ ပြုလုပ် ၍စားသုံးခြင်းနှင့်တိရိစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ် အတွင်းဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲပုပ်(ကာဘိုး)၃၂၀၀၀၀ ကျပ် နှင့်၃၅၀၀၀၀ကျပ်၊ ပဲပုပ်(ဗမာ) ၂၈၅၀၀၀ ကျပ်နှင့်၂၈၈၀၀၀ကျပ်၊ပဲပုပ်(ရှမ်း) ၃၃၀၀၀၀ကျပ်၊တစ် ပိဿာပေါက်စျေးမှာ ပဲပုပ်(ကာဘိုး) ၆၀၀၉ကျပ်နှင့် ၆၁၀၃ကျပ်၊ ပဲပုပ်(ဗမာ) ၅၃၅၂ ကျပ် နှင့် ၅၄၀၈ ကျပ်၊ ပဲပုပ်(ရှမ်း) ၆၁၉၇ ကျပ်အသီးသီးတို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုပ်(ကာဘိုး)၁၆၅၀၀၀ ကျပ်နှင့် ၁၆၉၀၀၀ကျပ်၊ ပဲပုပ် (ဗမာ) ၁၅၃၀၀ ကျပ်နှင့် ၁၅၅၀၀၀ကျပ်၊ပဲပုပ်(ရှမ်း)၁၆၀၀၀၀ကျပ်နှင့် ၁၇၀၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ပဲပုပ်(ကာဘိုး) ၃၀၉၉ကျပ်နှင့် ၃၁၇၄ကျပ်၊ ပဲပုပ်(ဗမာ) ၂၈၇၃ ကျပ် နှင့်၂၉၁၁ ကျပ်၊ ပဲပုပ်(ရှမ်း) ၃၀၀၅ကျပ်နှင့် ၃၁၉၃ ကျပ်တို့ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ်ပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲပုတ်(ရှမ်း) ၃၀၀၄ ကျပ်နှင့်ပဲပုတ်(ဗမာ) ၂၄၉၇ကျပ်စျေးပိုမိုရရှိကြောင်း သိရပါ တယ်။ပဲပုပ်ဝင်ရောက်မှုပမာဏပေါ် မူတည်၍ရက်အလိုက် ပေါက်စျေးအနည်းငယ်ပြောင်းလဲမှု ရှိပြီး၊ ယခုနှစ် ပဲပုပ်သီးနှံမှာစျေးကောင်းရသည့်ပဲတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)