မန္တလေးကုလားပဲစျေးကွက်

Powered by Drupal

     မန္တလေးပဲမျိုးစုံစျေးကွက်အတွင်း ကုလားပဲသီးနှံမှာပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပ သို့ တင်ပို့သည့် ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲသီးနှံ အပါအဝင် ပဲမျိုးစုံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်း၌ ကုလားပဲကို ပုံစံအမျိုးမျိုးဖြင့် စားသုံးကြောင်း တွေ့ရှိရပြီး၊ ပဲလုံး၊ ပဲခွဲခြမ်း၊ပဲအစိမ်းမှုန့်၊ကကုအကြက်မှုန့်၊ပဲကြော်၊ ကုလားပဲသုံးစွဲသည့်စားသောက်ကုန်များ၊ ပဲပင်ပေါက်၊ ပဲဟင်းရည်၊အသားဖြင့်တွဲဖက်၍ ချက်စားခြင်း၊ ကြော်စား၊ နှပ်စား၊ အသုပ်၊ ကုလားပဲကြော်အား လက်ဖက်နှင့်တွဲဖက်၍ စားသုံးကြကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ အဟာရဓာတ်များစွာ ပါဝင်ပြီး၊အသားဓာတ်နှင့်ကစီဓာတ်တို့ ပါဝင်သည့်အတွက် သတ်သတ်လွတ် စားသုံးသူများမှ အသား အစားထိုးစားသုံးသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတတိယပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၃၂၀၀၀ကျပ်နှင့်၂၃၃၀၀၀ကျပ်၊ကုလားပဲ(V-7)၂၄၀၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၂၇၀၀၀ကျပ်နှင့် ၂၃၀၀၀၀ကျပ်၊ကုလားပဲ(929)၂၃၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးများမှာ ကုလားပဲ(V-2) ၄၀၅၂ကျပ်နှင့် ၄၀၇၀ကျပ်နှင့် (V-7)၄၁၉၂ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၀၃၆ကျပ် နှင့်၄၀၈၉ကျပ်၊ ကုလားပဲ(929) ၄၀၈၉ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ ယခင်နှစ် ကာလတူပေါက်စျေးတစ်ပိဿာစျေးများမှာ ကုလားပဲ(V-2) ၄၆၈၁ ကျပ်နှင့် ၄၇၁၆ ကျပ်၊(V-7) ၄၇၆၉ ကျပ်၊(ထိုင်ဝမ်)၄၆၇၆ ကျပ်နှင့်၄၇၁၁ကျပ်၊(929) ၄၆၅၈ ကျပ်နှင့်၄၆၉၃ကျပ်စျေးဖြစ်ပေါ် ခဲ့သည့်အတွက် တစ်ပိဿာလျှင် ၆၆၄ကျပ်ခန့် စေျးလျော့နည်းနေကြောင်း သိရပါတယ်။ ကုလားပဲသီးနှံဝင်ရောက်မှုပေါ်မူတည်၍ ရက်အလိုက်အနည်းငယ်စျေးပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါတယ်။စျေးကွက်အတွင်း ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတတိယပတ်တွင် ကုလားပဲမှာ အရောင်း သွက်သည့်ပဲတစ်မျိုးဖြစ်‌ကြောင်း ကုန်သည်တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။

DOCA(မန္တလေး)