
ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခင် ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် သစ္စာပန်း ဈေးနှုန်းဖြင့် သစ္စာပန်း(၅)ခက်ပါ တစ်စီးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ(တတိယပတ်) သစ္စာပန်း ဈေးနှုန်းအနေဖြင့် သစ္စာပန်း(၅)ခက်ပါ တစ်စီးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် သစ္စာပန်းဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်းကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)