
ကန့်ဘလူမြို့“မြို့မဈေး”နှင့် သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်များတွင် ရာသီစာဖရဲသီးများကို စတင်ရောင်းချလျက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံများမှမှာယူ၍ ပြန်လည်ရောင်း ချကြောင်း သိရသည်။ ဖရဲသီးသည် အရည်ရွှမ်းပြီးချိုသောကြောင့် သရေစာအဖြစ်လည်းကောင်း၊ အဖျော်ရည်ဆိုင်များမှလည်း ဖရဲသီးဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကိုစိပ်၍သော်လည်း ကောင်းရောင်းချလျက်ရှိရာ ဝယ်ယူစားသုံးသူများ များပြားလျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဖရဲသီးဈေးနှုန်းမှာ ဖရဲသီးအသေး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ ဖရဲ သီးအကြီး(၁)လုံးလျှင် (၆၀၀၀)ကျပ်ရှိခဲ့ရာ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖရဲသီးအသေး(၁) လုံးလျှင်(၄၀၀၀)ကျပ်၊ ဖရဲသီးအကြီး(၁)လုံးလျှင်(၅၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် ယှဉ်ပါက ဈေးနှုန်းအနည်းငယ်လျော့နည်းလာကြောင်း၊ လူကြီးလူငယ်မရွေးကြိုက် နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)