
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် ဗောက်သီးများကို လှိုင်လှိုင်ရောင်းချနေကြောင်း သိရသည်။ ရာသီပေါ် ဗောက်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
ဗောက်သီးသည် ပူဖောင်းလိုအခွံတွေကာရံထားကာ အတွင်းထဲက အဝါရောင်စိုစိုအသီး လေးဖြစ်ပြီး အရသာမှာချိုချိုချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းစေပါသည်။ ဗောက်သီးသည် အရည်ရွှမ်း သောကြောင့် အရသာကောင်းမွန်၍ လူကြိုက်များပြီး သရေစာအဖြစ် လူကြီးလူငယ် မရွေးဝယ်ယူ စားသုံးကြကြောင်း၊၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဗောက်သီးဈေးနှုန်းမှာ ဗောက်သီး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ဗောက်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)