ကန့်ဘလူမြို့တွင် ရောင်းချနေသည့် နှင်းသီး (ခေါ်) လောင်ကန်သီးဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီများကို ရောင်းချနေကြောင်းသိရသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးများကို မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိ‌ကြောင်းသိရသည်။

            နှင်းသီး(ခေါ်)လောင်ကန်သီးသည် အရည်ရွှမ်း၍ ချိုပြီးအရသာရှိသော အသီးဖြစ်သော ကြောင့်သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း နှင်း သီး(ခေါ်)လောင်ကန်သီးဈေးနှုန်းမှာ နှင်းသီး(ခေါ်)လောင်ကန်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀) ကျပ်နှင့် နှင်းသီး(ခေါ်)လောင်ကန်သီး(၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊လူကြီး လူငယ်မရွေးကြိုက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)