ရွှေဘိုမြို့၏ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါ သည်။

          ဖေဖော်ဝါရီလ၊ တတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာတစ်အိတ်လျှင် (၁၉၁၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာတစ်အိတ်လျှင်(၉၅၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင်(၁၀၁၅၀ဝိ/-)၊ ပန်းဖူးတံဆိပ်ဓါတ်မြေဩဇာ တစ်အိတ်လျှင်(၉၃၀၀ဝိ/-)ကျပ်၊ MCတံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ တစ်အိတ်လျှင် (၁၅၅၀၀ဝိ/-)ကျပ်၊  ဒီမွန် 1.8တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဗူးလျှင်(၂၃၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဗူးလျှင်(၇၅၀၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင် တံဆိပ်ထိသေ/စားသေ (အဆိပ်ငွေ့)100ccတစ်ဗူးလျှင် (၃၃၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) ပိုးသတ်ဆေးမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက် ရှိကြောင်း၊ အရောင်းအဝယ်ဖြစ်မှုမှာ လည်းပုံမှန်သာဖြစ်ကြောင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)