ပခုက္ကူမြို့၌ ပဲဖတ်အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် စိုက်ပျိုးရေးထွက်သီးနှံများအပြင် ဒေသထွက် ကုန်များစွာလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထုတ်ကုန်များစွာအနက်မှ မြေပဲဆီသန့်ထုတ်လုပ် ရောင်းချမှုကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသအနှံ့အပြားသို့ရောင်းဝယ်ဖောက်ကားလျက်ရှိရာ ယခု အချိန်တွင်စားသုံးသူများမှ မြေပဲဆီသုံးစွဲမှုများပြီး ပြည်တွင်းပဲဆီလိုအပ်ချက်များ မြင့်မားနေသော ကြောင့် ဆီစက်များ အားလုံးနီးပါးလည်ပတ်လျက်ရှိရာ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းမှထွက်ရှိသော မြေပဲ ဖတ်များလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆီစက် လုပ်ငန်းရှင်များထံမှ သိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၈၀၀-၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇန်နဝါရီလ(တတိယပတ်)တွင် ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၉၀၀-၆၀၅၀)ဖြစ်၍ ဈေးနှိုင်းယှဉ်ပါက တစ်လအတွင်း ပဲဖတ်တစ်ပိဿာ လျှင် ကျပ်(၅၀)ခန့်ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူ ဒေသထွက်ပဲဖတ်များကို ဒေသတွင်းစားသုံးမှုများအပြင် တိရိစ္ဆာန်အစားအစာအဖြစ် မွေးမြူရေး လုပ်ငန်းရှင်များမှဝယ်ယူခြင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များမှလည်း ဝယ်ယူကြောင်း သိရသည်။

          ပြည်တွင်းမွေးမြူရေးအစားအစာဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှု အနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်နှမ်းဖတ်ချဉ်အဖြစ်ပြုလုပ်၍ ထုတ်လုပ်ရောင်းချရာမှာလည်း စားသုံးသူဈေးကွက်ကောင်းမွန် ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်းငါးမွေးမြူရေး၊ ဝက်မွေး မြူရေးလုပ်ငန်းများမှလည်း တိရိစ္ဆာန်အစာများတွင် ရောစပ်အသုံးပြုပြီး စိုက်ပျိုးရေးတောင်သူများမှ လည်း သီးနှံစိုက်ခင်းများတွင် သွင်းအားစုအဖြစ် အမှုန့်ကြိတ်ပြီးသုံးစွဲရန် ဝယ်ယူမှုများလျက်ရှိခြင်းနှင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှလည်း စက်ကြီးများဖြင့် ဆီပြန်လည်ထုတ်လုပ်ရန်အတွက် ဆုံပဲဖတ် ခွေများကို ပြန်လည်ဝယ်ယူမှုများ၍ ပဲဖတ်မှာအရောင်းအဝယ်သွက်ပြီး ဈေးအမြင့်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)