
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားအုန်းဆီကိုယ်စားလှယ်တို့နှင့် ပူးပေါင်း၍ (၂၁.၂.၂၀၂၅) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၄)ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပင်စင်စားဝန်ထမ်းများအား ဆီ၊ ဆန်၊ ငရုပ်သီး၊ ကြက်သွန်၊ မန်ကျည်းသီး ရောင်းချပေးမှုနှင့် ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။
ထိုသို့ရောင်းချရာတွင် ဌာနဆိုင်ရာများမှ ပင်စင်စားဝန်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့် ဆီ၊ ဆန်၊ ငရုပ်သီးနှင့် ကြက်သွန်၊ မန်ကျည်းသီးများ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ ဆီတပိသာလျှင် (၇၇၀၀)ကျပ်၊ ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်၊ ငရုပ်သီး(၂၅) ကျပ် သားလျှင်(၂၀၀၀)ကျပ်၊ ကြက်သွန်နီ(၂၅)ကျပ်သားလျှင်(၇၅၀)ကျပ်၊ ကြက်သွန်ဖြူ(၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် မန်ကျည်းသီး(၁၀)ကျပ်သားလျှင် (၉၀၀)ကျပ်ဖြင့်ရောင်းချပေးကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)