
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ အခြေခံစားသောက်ဈေးကွက်သို့ ပွင့်လင်းရာသီ၌ နေ့စဉ်ငရုတ်ခြောက်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၄ခုနှစ် နိုဝင်ဘာလကတည်းက စတင်၍ ဈေးကွက်အတွင်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငရုတ်အမှည့်စိမ်း နှင့် ငရုတ်သီးစိမ်း၊ ငရုတ်မိုးထောင်၊ အောက်ဆွဲ၊ ဗီယက်နမ် ငရုတ်အခြောက်တောင့် မျိုးများကိုသာ အများဆုံးစိုက်ပျိုးပြီး အခြားတိုင်းဒေသသို့တင်ပိုလျှက်ရှိသည်။ ဗီယက်နမ်ငရုတ်အခြောက်ကို ၂၀၂၄ခုနှစ်တွင်စိုက်ပျိုးပြီး ထွက်ရှိသော ငရုတ်ခြောက်များကို ၂၀၂၅ခုနှစ် ပွင့်လင်းရာသီတွင် အရောင်းအဝယ် နှစ်စဉ်ဖြစ်လျက်ရှိကြောင်း၊ ငရုတ်ခြောက်စတင် ဈေးကွက်ဝင်ရောက်ချိန် ဒီဇင်ဘာလ ပထမပတ်တွင် ၁ပိဿာလျှင် ငွေကျပ် ၁၀၀၀၀-၁၂၀၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်လျှင် ပိဿာချိန် ၃၀ ဝင် အိတ်ရေ ၁၀၀ မှ ၃၀၀ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက ဗီယက်နမ်ငရုတ်ခြောက် ၁ပိဿာ လျှင် ငွေကျပ် ၇၅၀၀-၈၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ၂၀၂၄ခုနှစ် နိုဝင်ဘာလ ဈေးနှုန် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ဈေးနှိုင်းယှဉ်ပါက ငွေကျပ် ၂၅၀၀-၃၅၀၀ ခန့် ဈေးနှုန်းအနည်းငယ် ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဝယ်ယူစားသုံးမှုအပြင် ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။
DOCA (ဧရာဝတီ)