မျောက်ငိုသီး(ခေါ်) သစ်လိမ်သီး စျေးကောင်းရ

Powered by Drupal

ကော့သောင်းမြို့နယ်ချန်ဖန်းကျေးရွာ၊ ဆယ်မိုင်ကျေးရွာများအတွင်းတွင် မလေးရှားမျိုး နွယ် (ပသျှူး) လူမျိုးများသည် အများဆုံးနေထိုင်ကြပြီး ပသျှူးလူမျိုးများသည် မျောက်ငိုသီး (ခေါ်) သစ်လိမ်ပင်များကိုစီးပွားဖြစ်စိုက်ပျိုးကြသည်။နှစ်ရှည် အပင်အမျိုးအစား ဖြစ်ပြီး အပင်သက် တမ်း (၇)နှစ်မှ စတင်အသီးစသီးပြီး တစ်နှစ်လျှင်(၂)ကြိမ်အသီးသီးပါသည်။ ဒညင်းသီး သည် အဆိပ်အတောက်ဖြစ်စေပြီး မျောက်ငိုသီး(ခေါ်)သစ်လိမ်သီးကို အစားထိုးစားပေးခြင်းဖြင့် ဒညင်းသီး အရသာနဲ့ တူသလိုဖြစ်ပြီး ဆေးဖက်ဝင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ ဒညင်းသီး သည်လူတွေကိုဥပဒ်ဖြစ်စေပြီး မျောက်ငိုသီး(ခေါ်)သစ်လိမ်သီးသည် ကောင်းကျိုးပေးပြီးဥပဒ်မ ရောက်အစေ့တစ်မျိုးဖြစ်ပါသည်။

မျောက်ငိုသီး‌(ခေါ်)သစ်လိမ်သီး ကို ဝက်သား၊အမဲသား၊ကြက်သား၊ပုဇွန်တို့နဲ့တွဲဖက်ချက် ပြုတ်ကြပါသည်။တစ်ချို့ကလည်းချဉ်ဖတ်အဖြစ်စားသုံးကြပါသည်။ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံမှလည်းလူများသည်ကြိုက်သည့်အတွက် တင်ပို့‌ရောင်းချရာ စျေးကောင်းရလျက်ရှိပါသည်။

ကော့သောင်းမြို့စျေးကွက်အတွင်းတစ်‌ဒေါက်လျှင် ၈၀၀-၁၀၀၀ထိ၊ အခွံချွတ်အစေ့တစ်ဗူး လျှင် (၂၀၀၀-၂၅၀၀) ထိစျေးကောင်းလျက်ရှိပါသည်။

DOCA(တနင်္သာရီ)