မုံရွာမြို့၌ ဖြစ်ပေါ်နေသော သံပုရာသီးဈေးနှုန်း အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဈေးကွက်အတွင်းသို့ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချ သည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

          မုံရွာမြို့ပေါ်၌ သံပုရာသီးအရွယ်အစားအပေါ်မူတည်၍ တစ်လုံးလျှင်(၁၀ဝိ/-) မှ (၁၅ဝိ/-) ကျပ် အထိ ဈေးရရှိနေကြောင်း၊ သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာ ဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်း စားသုံး ရသည့် အသီးဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်သာမက စားသုံးသူများအတွက် လည်း အကျိုးပြုသည့်အသီးပင်ဖြစ်ကြောင်း သိရသည်။ 

DOCA(စစ်ကိုင်း)