တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိမရမ်းသီးဈေးနှုန်း

Powered by Drupal

           တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ဈေးများအတွင်းရှိ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သည့် မရမ်းသီးများအား တခြားကုန်စိမ်းများနှင့် တစ်နိုင်တစ်ပိုင်ရောင်းချနေကြောင်း သိရှိရပါသည်။ မရမ်းသီးစိမ်းများကို မရမ်းသီးငပိထောင်း၊ မရမ်းသီးငပိချက် အစရှိသည့် ဟင်းလျာအမျိုးမျိုးထဲတွင် ထည့်၍ပြုလုပ်ပြီး စားသုံးကြပါသည်။ဈေးကျသည်အချိန်တွင် မရမ်းသီးများကို ခွဲခြမ်း ပြီး နေလှမ်းအခြောက်ခံကာ အသားဟင်းတို့တွင် တွဲဘက်စားသုံးကြပါသည်။ ရာသီစာသီးနှံ တစ်မျိုးလည်းဖြစ်သလို ခံတွင်းကိုမြိန်စေသော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။

             ယခုဖေဖော်ဝါရီ တတိယပတ်တွင်မရမ်းသီးများကို တစ်ထုပ်ငယ်များထုပ်၍ ရောင်းချနေသလို နို့ဆီဘူးများဖြင့်လည်းရောင်းချနေကြောင်း သိရှိရပါသည်။ မရမ်းသီးအထုပ်ငယ် တစ်ထုပ် လျှင်(၅၀၀)ကျပ်ရှိပြီး နို့ဆီဘူးနှစ်ဘူးလျှင်(၁၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းလည်း သိရှိရပါသည်။

DOCA(တနင်္သာရီ)