ဆိပ်ဖြူကြက်သွန်နီ ဖေဖော်ဝါရီလ(စတုတ္ထပတ်)ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံ အဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ်အ‌ရောင်း အဝယ်ဖြစ် လျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် မိုးကြက်သွန်နီ(ဥစိုက်)အပြင် ပင်စိုက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးမှုများသော ရွာသစ် ရပ်ကွက်နှင့် ကိုးတောင့်အုပ်စုအတွင်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ (၅)သောင်းခန့်ဝင်ရောက်ပြီး တစ်ပတ်အတွင်း ပိဿာချိန်(၃)သိန်းခန့် ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

         ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမှာ သီးနှံအရည်အသွေးလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေးကျပ် (၂၃၀၀-၂၂၅၀-၁၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဖေဖော်ဝါရီလ (တတိယပတ်)တွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၅၀၀-၂၀၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ပြီး၊ တစ်ပတ်အတွင်း ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၅၀)ခန့် ဈေး အနည်းငယ်လျော့နည်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် လက်လီ ဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၂၅၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

         ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန် အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ နိုင်ငံ များသို့ တင်ပို့လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် မိုးကြက်သွန်နီ ကုန်ချိန်ပိဿာ(၃)သိန်း၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)