ဈေးကွက်အတွင်းဈေးနှုန်းကျဆင်းလျှက်ရှိသောစတော်ဘယ်ရီသီး

Powered by Drupal

          စတော်ဘယ်ရီသီးကို ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့၊ဆီဆိုင်၊ဆိုက်ခေါင်နှင့်မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တို့တွင်အများဆုံး စိုက်ပျိုးကြပြီး အခြားဒေသများတွင်လည်း တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီး အမျိုးအစားများမှာ အမာသီး၊ ချိုမွှေးသီး နှင့်ထိုင်ဝမ်သီး ဟူ၍(၃)မျိုးရှိပြီး လွိုင်ကော်မြို့ သီရိမဂႅလာယာယီဈေးတွင် အမျိုးအစား (၃)မျိုးလုံးကိုရောင်းချလျှက်ရှိပါသည်။  လွိုင်ကော်မြို့ သီရိမင်္ဂလာယာယီဈေးတွင် ရောင်းချ လျှက်ရှိသော ဈေးနှုန်းများမှာ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၁၆၀၀၀)မှ(၂၀၀၀၀) ကျပ်အထိရှိပြီး ယခင်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင်ဈေးနှုန်းကျဆင်းလျှက်ရှိပြီး ဈေးနှုန်း ကျဆင်းနေရခြင်းမှာ စတော်ဘယ်ရီသီးရာသီချိန်ရောက်ရှိလာပြီးဖြစ်၍ ဈေးကွက်အတွင်း စတော်ဘယ်ရီသီး‌ပေါများလာခြင်းကြောင်းဖြစ်ပါသည်။ ယခုအချိန်တွင်  စတော်ဘယ်ရီသီးသည် ဈေးကွက်အတွင်း၌ အရောင်းသွက်နေသော သစ်သီးဝလံအမျိုးအစားထဲတွင်ပါဝင်ကြောင်း သီရိမင်္ဂလာယာယီ ဈေးတွင်ရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)