
စတော်ဘယ်ရီသီးကို ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့၊ဆီဆိုင်၊ဆိုက်ခေါင်နှင့်မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တို့တွင်အများဆုံး စိုက်ပျိုးကြပြီး အခြားဒေသများတွင်လည်း တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီး အမျိုးအစားများမှာ အမာသီး၊ ချိုမွှေးသီး နှင့်ထိုင်ဝမ်သီး ဟူ၍(၃)မျိုးရှိပြီး လွိုင်ကော်မြို့ သီရိမဂႅလာယာယီဈေးတွင် အမျိုးအစား (၃)မျိုးလုံးကိုရောင်းချလျှက်ရှိပါသည်။ လွိုင်ကော်မြို့ သီရိမင်္ဂလာယာယီဈေးတွင် ရောင်းချ လျှက်ရှိသော ဈေးနှုန်းများမှာ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၁၆၀၀၀)မှ(၂၀၀၀၀) ကျပ်အထိရှိပြီး ယခင်လ ဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင်ဈေးနှုန်းကျဆင်းလျှက်ရှိပြီး ဈေးနှုန်း ကျဆင်းနေရခြင်းမှာ စတော်ဘယ်ရီသီးရာသီချိန်ရောက်ရှိလာပြီးဖြစ်၍ ဈေးကွက်အတွင်း စတော်ဘယ်ရီသီးပေါများလာခြင်းကြောင်းဖြစ်ပါသည်။ ယခုအချိန်တွင် စတော်ဘယ်ရီသီးသည် ဈေးကွက်အတွင်း၌ အရောင်းသွက်နေသော သစ်သီးဝလံအမျိုးအစားထဲတွင်ပါဝင်ကြောင်း သီရိမင်္ဂလာယာယီ ဈေးတွင်ရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(ကယား)