မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ “ဟင်္သာ” ကိတ်မုန့် အသင့်စားမုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အသင့်စားမုန့် ကိတ်မုန့် လုပ်ငန်းအား (၂၀.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာပါရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ဟင်္သာ” ကိတ်မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကိတ်မုန့် များတွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်  (၂/၂၀၁၉)အရ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များဖြစ်သည့် အချက်(၁၁)ချက်အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)