ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆီစက်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၃.၃.၂၀၂၅) ရက်နေ့တွင် ရေလဲကလေး၊ ရွှေတောင်မှော်ကျေးရွာရှိ ဦးကြည်ဝင်း၏ ဆီကြိတ်ခွဲထုတ်လုပ်နေမှု ဆီစက်လုပ်ငန်းသို့ (၁၀:၀၀) နာရီအချိန်တွင် သွားရောက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ  ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆီစက်လုပ်ငန်းရှင်ကို တွေ့ဆုံ၍ ဆီကြိတ်ခွဲမှုလုပ်ငန်းအား ကြည့်ရှုခဲ့စစ်ဆေးခဲ့ပြီး၊ ဆီတစ်နေ့ကြိတ်ခွဲမှုနှင့် ဆီထွက်ရှိမှုအခြေအနေ၊ မြေပဲကုန်ကြမ်း၊ နေကြာကုန်ကြမ်းဝယ်ယူမှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ထွက်ရှိလာသောဆီများကို ရောင်းဝယ်တင်ပို့မှု အခြေအနေများကို မေးမြန်းပြီးနောက် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အမျိုးအစားအလိုက် သတ်မှတ်ချက်များဖော်ပြပါဝင်ရမည့် အချက်များအကြောင်း၊ ရောနှောဆီထုတ်လုပ်ပါက သတ်မှတ်ချက်များအတိုင်း ကုန်အညွှန်းကိုဖော်ပြရန်နှင့်  စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)