မုန့်ဟင်းခါးဖို လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

           ဧရာဝတီတိုင်ဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ ၁၇ရပ်ကွက်၊ ၆လမ်း  “မြို့သစ်” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်  (၃.၃.၂၀၂၅)ရက်နေ့ နံနက် (၁၁း၀၀)တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ကွင်းဆင်းစိစစ်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးက ကုန်စည်များအား စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် မုန့်ဖတ်လုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာ ရေဆိုးရေညှစ်စွန့်ပစ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ မုန့်လုပ်ငန်းလုပ်ကိုင်သူများ တစ်ကိုယ်ရေ စန့်ရှင်းစေရေးကို အလေးထားဂရုပြုရန်နှင့် ဈေးကွက်မရောက်မီ မုန့်ဖတ်ထုတ်လုပ်ထားသိုမှုကို စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ရောင်းချသော ဈေးနှုန်းဈေးကွက် အခြေအနေများ၊ ကုန်စည်အပေါ် အကျိုးအမြတ်ရရှိမှု့ အခြေအနေ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ ကုန်စည်စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန် ကုန်စည်(သို့) ဝန်ဆောင်မှု့အပေါ်တာဝန်ရှိမှု့၊ ပြစ်မှု့ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)