စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးဆီရောင်းချမှုနှင့် စပ်လျဉ်း၍ စားသုံးသူအခွင့်အရေး အပြည့်အဝ ရရှိစေရန် ရောင်းချခြင်းလုပ်ငန်းများအကြောင်း ဆွေးနွေးဟောပြောခြင်း

Powered by Drupal

           (၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ မအူပင်ခရိုင် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီကုန်သည်များနှင့် မအူပင် စားသုံးဆီ လက်လီ/လက်ကား အရောင်းဆိုင် (၂၅)ဦးအား စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဖိတ်ကြားတွေ့ဆုံ၍ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

            ထိုသို့ဆွေးနွေးရာတွင် မအူပင်ခရိုင်တွင် စားအုန်းဆီခွဲတမ်းရရှိသည့် ဆီကိုယ်စားလှယ်များမှ ကုမ္မဏီနှစ်ခုဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ စာချုပ်ချုပ်ဆိုထားပြီး စားဆီခွဲတမ်းရရှိသည့် ဆီအရောင်းဆိုင်များမှ ဗီနိုင်းချိတ်၍ နေ့စဉ်ရရှိသော ဆီပေပါ၊ သတ်မှတ်ရည်ညွှန်းရောင်းဈေး၊ များကို ချိတ်ဆွဲဖော်ပြ၍ ရောင်းချရန်၊ စစ်ဆေးရေးအဖွဲ့မှ အသွင်ယူစစ်ဆေးပါက သတ်မှတ်ချက်များအတိုင်း မညီညွှတ်ပဲ ရောင်းချနေပါက အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ နေ့စဉ်ရောင်းချရမှု နေ့စဉ်စာရင်းများကို အသင်းသို့ ပေးပို့ရသလို၊ ကုမ္မဏီသို့ ပေးပို့ရကြောင်း၊ မအူပင်ဆီရောင်းချသူများသည် နဂိုလ်တည်းက ရောင်းချသူများဖြစ်ပြီး ယခုမှ ရောင်းချသူများမဟုတ်သောကြောင့် သတ်မှတ်ချက် စည်းကမ်းများအတိုင်း ရောင်းချနိုင်သူများဖြစ်ကြောင်း၊ ဆီထုတ်စာအုပ်ဖြင့် ဆီဝယ်ယူသူ စားသုံးသူများကို ၁ရက်မှ ၁၀ အတွင်း ၅၀ပိသာ၊ ၁၁ရက်မှ ၂၀ရက်အတွင်း ၅၀ပိဿာ၊ ၂၀ ရက်မှ လကုန်ရက်အတွင်း ၅၀ ပိဿာကို မဖ့စ်မနေ ရောင်းချပေးရန် နောက်ဆုံးပါတ်မှာ  ၁ပိဿာ ၅၀ကို အပြည့်အဝရောင်းချပေးရန်ကို မှာကြားဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများ ဆီမရရှိ၍ တိုင်ကြားမှုများမရှိစေရန် ဆီအလေးချိန်ပြည်ဝအောင် ရောင်းချပေးရန်ပြောကြားခဲ့ပြီး တိုင်ကြားမှုများ မရှိစေရေးဆောင်ရွက်ရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA(ဧရာဝတီ)