
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူနှင့်ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးများအနေဖြင့် ဖေဖော်ဝါရီလအတွင်းတွင် ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒုတိယခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်း များသည် ဦးစားပေးကုန်စည်အမျိုးမျိုးဖြစ်သော အသင့်စားမုန့်၊ အသင့်သောက်အချိုရည်၊ အရန်သင့် အစားအစာအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ပခုက္ကူမြို့တွင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှစားသုံးရန်မသင့်ထုတ်ပြန်ထားသော အစားအသောက် များအား ကုန်စုံဆိုင်များ၌ (၁)ကြိမ်၊ အမှတ်(၂)ဈေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးနှင့် အရန်သင့်အစားအစာအမျိုးမျိုးတို့အား(၄)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ ယောဝရပ်ရှိ အ.မ.က နှင့် မြို့ပေါ်ရှိ အ.ထ.ကက ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံဆိုင်များတွင် (၂)ကြိမ်၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ရှိ အ.လ.ကကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ခြင်း(၁)ကြိမ်၊ စုစုပေါင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၈)ကြိမ်၊ ဈေးကွက်မရောက်မီ ပဲကြော်၊ ပဲလှော်၊ မြေပဲဆားလှော်လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းစစ်ဆေးခြင်း(၂)ကြိမ်၊ အထူးဈေးကွက် အနေဖြင့် စားသုံးဆီနှင့် စက်သုံးဆီအမျိုးမျိုးများအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် ဆေးဈေးနှုန်းမြှင့် တင်ရောင်းချခြင်း(သို့) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ စားသုံးသူများအား အသိပညာပေး ဆောင်ရွက်ခြင်းနှင့် အွန်လိုင်းစနစ် ဖြင့်ရောင်းချသည့်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်း ဆိုင်ရာများအကြောင်းအရာများကိုလည်း သွားရောက်ကွင်းဆင်းအသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် လက်ဝတ်ရတနာပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား အွန်လိုင်းဖြင့်ရောင်းချသည့် လုပ်ငန်းများသို့လည်းသွားရောက်၍ အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်နေရပ်လိပ်စာ၊ ရောင်းချရန်ကုန်စည် (သို့)ဝန်ဆောင်မှုအမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ စသည်တို့ကို မြေပြင်ကွင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)