ပခုက္ကူကုန်စည်ဒိုင်တွင် ဖြစ်ပေါ်လျက်ရှိသော ပဲယင်းနီဈေးနှုန်းဈေးကွက်

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် မြစ်ခြေဒေသမှ ပဲယင်းနီများ၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ကျွန်းနယ်များမှ ထွက်ရှိသောပဲယင်းနီများ၊ ယောနယ်ဒေသမှ ထွက်ရှိသော ပဲယင်းနီများ ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ပေါက်၊ ရေစကြို မြို့နယ်အတွင်းရှိကျေးရွာများမှ ပဲယင်းနီသီးနှံကို ဆောင်းရာသီဖြစ်သော ၂၀၂၄ခုနှစ်၊ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလတွင်စိုက်ပျိုးကြပြီး ၂၀၂၅ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် သီးနှံများစတင်  ရိတ်သိမ်းကြကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)အစောပိုင်းတွင် ပခုက္ကူကုန်စည်ဒိုင်သို့ နေ့စဉ် ပဲယင်းနီ အရောင်းအဝယ် ဖြစ်မှုအိတ်ရေမှာ တစ်ရက်လျှင် (၅၀)မှ(၃၀၀)ကျော် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။  ဈေးနှုန်းအနေဖြင့် ပဲယင်းနီ(ကျွန်း) တစ်တင်းလျှင် ကျပ်(၇၃၀၀၀)၊ ပဲယင်းနီ (မြစ်ခြေ) တစ်တင်းလျှင်ကျပ် (၆၅၀၀၀)၊ ပဲယင်းနီ (ယော) တစ်တင်းလျှင် ကျပ်(၇၄၅၀၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ (တတိယပတ်)တွင် ပဲယင်းနီ(ကျွန်း)တစ်တင်းလျှင် ကျပ်(၇၂၄၀၀)၊ ပဲယင်းနီ(ယော)တစ်တင်းလျှင် ကျပ်(၇၃၀၀၀)၊ ပဲယင်းနီ(မြစ်ခြေ) တစ်တင်းလျှင် ကျပ်(၆၃၀၀၀)ဖြစ်ပြီး ဖေဖော်ဝါရီ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ် (၂၀၀၀)ခန့် ဈေးတက်နေကြောင်း၊ တစ်ပတ်အတွင်း အိတ်ရေ(၁၂၀၀) ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့သို့တင်ပို့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)