
၄.၃.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မော်လမြိုင်မြို့နယ်၊ ပွဲရုံနှင့် အောက်လမ်းမကြီးရှိ ဆန်သိုလှောင်ရုံနှင့် ဆန်ဆိုင်ကြီးများတွင် ဆန်များရောနှောရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မော်လမြိုင်မြို့နယ်ရှိ ဆန်သိုက်၊ သစ္စာ၊ မိုးထက်ကြယ်၊ ထာဝရဆန်အရောင်းဆိုင်များတွင် ဆန်အမျိုးအစားများအား ရောနှောရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ဆန်အမျိုးအစားများအား ရောနှောရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ရွှေဘို ၁၀၈ ပေါင် တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဧရာဝတီ(ကျားပျံ) ၁၀၈ ပေါင်တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ မနောသုခ ၁၀၈ ပေါင်တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်၊ ပြည်နယ်အတွင်းရှိ ဧည့်မထ ၁၀၈ ပေါင်တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)