နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

           ၃.၃.၂၀၂၅ ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

             အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က  လူအဖွဲ့အစည်းကို ပညာရေးနဲ့ ဟန်ချက် ညီညီ တည်ဆောက်နိုင်ရေးအတွက် အားကစားက အထောက်အကူပြုပြီး၊ မျိုးဆက်သစ် လူငယ်များကိုလည်း ဗလ(၅)တန်နဲ့ဟန်ချက်ညီစွာဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာ မရှိမဖြစ် လိုအပ်သည့် အခန်းကဏ္ဍကပါဝင်နေကြောင်း၊ မွန်ပြည်နယ်အတွင်း နွေရာသီ အခြေခံအားကစား သင်တန်းများကို နွေရာသီကျောင်းပိတ်ရက်များတွင် ပြည်နယ်အဆင့် အားကစားနည်း(၁၁)မျိုး၊ ခရိုင်အဆင့် အားကစားနည်း(၇)မျိုးနဲ့ မြို့နယ်အဆင့် အားကစားနည်း(၃)မျိုး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

            ဆက်လက်၍ မြန်မာ့သိုင်း၊ ကရာတေး၊ ဟော်ကီအားကစားနည်းများဖြင့် သရုပ်ပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာ ကြသည့် သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)