ကညွတ်၏ အကျိုးအာနိသင်နှင့် လက်ရှိဖြစ်ပေါ်နေသော ကညွတ်ဈေးကွက်

Powered by Drupal

           သဘာဝဆီးရွင်ဆေးဖြစ်နေတဲ့ ကညွတ်သည် ခန္ဓာကိုယ်ထဲကရေတွေကို ထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့ အငန်ဓာတ်နဲ့ အရည်ဓာတ်ပါဝင်မှုကို လျော့နည်းစေပါတယ်၊ သွေးတိုးရောဂါ ဒါမှမဟုတ် ဖောရောင်ခြင်း ခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ ဓာတ်စာလည်းဖြစ်ပါသည်။ မြန်မာ့ဆေးကျမ်းများအရ ကညွတ်မှာ ချိုအေးသောအရသာရှိ၍ အေးသောဂုဏ်ရှိပြီး၊ သလိပ်ကိုကြေစေပြီး သွေးရောဂါများကိုနှိမ်နင်းပါသည်။ အရွက်၊ အပင်၊ အရိုး၊ အမြစ်၊ အသီးအားလုံးသည် လူကိုအကျိုးပြုသော်လည်း အရိုး၊ အမြစ်သည် အဓိကအသုံးဝင်ပါသည်။

          တစ်နှစ်လျှင်တစ်ကြိမ်သာ ရာသီအလိုက်ပေါက်ရောက်သည့် ရာသီစာကညွန်ကို ပုသိမ်မြို့၊ ဘူတာဈေးတွင် တစ်ပိဿာလျှင် (၆၀၀၀/-) ကျပ်၊ (၅၀) သားလျှင် (၃၀၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)