မန္တလေးသစ်သီးစျေးနှုန်းစျေးကွက်

Powered by Drupal

     မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံဝင်ရောက်မှုအနေဖြင့်  မန္တလေးတိုင်းဒေသကြီး အတွင်း ပြင်ဦးလွင်မြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှ အများ အပြားဝင်ရောက်ပြီး အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဒေသအသီးသီး မှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးချိုရှိ သစ်သီးပွဲရုံများမှ ဝယ်ယူ ၍ မြို့ပေါ်ရှိ စျေးငယ်များသို့တဆင့် ပြန်လည်ရောင်းချလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် သစ်သီးစျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး ၁၂၀၀၀ ကျပ် နှင့် ၁၅၀၀၀ ကျပ်၊ လိမေ္မာ်သီး အပွ(အလုံးကြီး)  ၂၅၀၀ဝိ/-နှင့် ၃၀၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့် ရွှေလိမ္မော်  ၁၀၀၀ဝိ/-နှင့် ၁၂၀၀ဝိ/- စျေး၊ စတော်ဘယ်ရီသီး(အကျွတ်သီး) ၉၀၀ဝိ/-နှင့်၁၀၀၀ဝိ/-စျေး၊စတော်ဘယ်ရီသီး(ချိုမွှေးသီး) ၁၂၀၀ဝိ/-နှင့်၁၃၀၀ဝိ/- စျေး၊ ထောပတ် သီး(Hass မျိုး) ၉၀၀ဝိ/- နှင့်၁၀၀၀ဝိ/-စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့် သစ်သီး စျေးနှုန်းများမှာတစ်လုံးလျှင်ကျွဲကောသီး(မော်လမြိုင်သီး)၃၀၀ဝိ/-နှင့်၄၀၀ဝိ/-၊ပန်းသီးအလုံးကြီး (အကျွတ်သီး)၂၀၀ဝိ/-နှင့်၃၀၀ဝိ/-၊ဆန်းကစ်သီး၂၅၀ဝိ/-နှင့်၃၀၀ဝိ/၊ပန်းသစ်တော်သီး(အလုံးကြီး) ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-စျေး၊သခွားသီး ၃၀၀ဝိ/- နှင့် ၅၀၀ဝိ/-စျေးတို့ဖြင့် အသီးသီးရောင်းချ လျှက်ရှိ ပါတယ်။ သစ်သီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ပွင့်လင်းရာသီရောက် လာပြီဖြစ်၍ မတ်လပထမပတ်အတွင်း  မန္တလေးစျေးကွက်အတွင်း သစ်သီးများအရောင်းသွက် လျှက်ရှိကြောင်း  သိရပါတယ်။

DOCA(မန္တလေး)