
မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံဝင်ရောက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်း ပြင်ဦးလွင်မြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသတို့မှ အများ အပြားဝင်ရောက်ပြီး အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဒေသအသီးသီး မှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးချိုရှိ သစ်သီးပွဲရုံများမှ ဝယ်ယူ ၍ မြို့ပေါ်ရှိ စျေးငယ်များသို့တဆင့် ပြန်လည်ရောင်းချလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် သစ်သီးစျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး ၁၂၀၀၀ ကျပ် နှင့် ၁၅၀၀၀ ကျပ်၊ လိမေ္မာ်သီး အပွ(အလုံးကြီး) ၂၅၀၀ဝိ/-နှင့် ၃၀၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့် ရွှေလိမ္မော် ၁၀၀၀ဝိ/-နှင့် ၁၂၀၀ဝိ/- စျေး၊ စတော်ဘယ်ရီသီး(အကျွတ်သီး) ၉၀၀ဝိ/-နှင့်၁၀၀၀ဝိ/-စျေး၊စတော်ဘယ်ရီသီး(ချိုမွှေးသီး) ၁၂၀၀ဝိ/-နှင့်၁၃၀၀ဝိ/- စျေး၊ ထောပတ် သီး(Hass မျိုး) ၉၀၀ဝိ/- နှင့်၁၀၀၀ဝိ/-စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့် သစ်သီး စျေးနှုန်းများမှာတစ်လုံးလျှင်ကျွဲကောသီး(မော်လမြိုင်သီး)၃၀၀ဝိ/-နှင့်၄၀၀ဝိ/-၊ပန်းသီးအလုံးကြီး (အကျွတ်သီး)၂၀၀ဝိ/-နှင့်၃၀၀ဝိ/-၊ဆန်းကစ်သီး၂၅၀ဝိ/-နှင့်၃၀၀ဝိ/၊ပန်းသစ်တော်သီး(အလုံးကြီး) ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-စျေး၊သခွားသီး ၃၀၀ဝိ/- နှင့် ၅၀၀ဝိ/-စျေးတို့ဖြင့် အသီးသီးရောင်းချ လျှက်ရှိ ပါတယ်။ သစ်သီးအရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ပွင့်လင်းရာသီရောက် လာပြီဖြစ်၍ မတ်လပထမပတ်အတွင်း မန္တလေးစျေးကွက်အတွင်း သစ်သီးများအရောင်းသွက် လျှက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)