မှိုစျေးနှုန်းစျေးကွက်

Powered by Drupal

မန္တလေးစျေးကွက်အတွင်းသို့  မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုး အစားများမှာ ငွေနှင်းမှုံမှို၊  ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ရှီတာကီမှို၊  တောင်ပို့မှို၊   ဝါးမှိုများ ဖြစ်ပါတယ်။ စျေးကွက်အတွင်း   သဘာဝအတိုင်းထွက်ရှိသည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုး တွေ့ရှိ ရ ပါတယ်။မန္တလေးဒေသအတွင်း  စိုက်ပျိုးထွက်ရှိသည့်မှိုအမျိုးမျိုးတို့အား  တစ်နှစ်ပတ်လုံး တွေ့ ရှိရ ပြီး၊အများဆုံးတွေ့ရသော  မှိုအမျိုးအစားများဖြစ်သည့် ငေွနှင်းမှုံမှို၊  ကောက်ရိုးမှိုနှင့် အပ်မှိုတို့ မှာ အရောင်းသွက်ကြောင်းသိရပါတယ်။   ၂၀၂၅  ခုနှစ်မတ်လပထမပတ်အတွင်း မန္တလေး စျေး ကွက်တွင်  မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့်စျေးများမှာ ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကား စျေး ၅၅၀ဝိ/- စျေး၊လက်လီစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် လက္ကားစျေး ၇၀၀ဝိ/-  လက်လီစျေး ၈၀၀ဝိ/- နှင့် ၉၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး  ၃၀၀၀ဝိ/- နှင့်လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး တို့ဖြင့် ရောင်းချလျက် ရှိကြောင်း  မန္တလေးမြို့၊ ၄၁လမ်း၊ကမ်းနားလမ်း၊ ကုန်စိမ်းစျေးအတွင်း မှိုရောင်းချသူတစ်ဦးထံမှ သိရှိရ ပါတယ်။    မန္တလေးစျေးကွက်အတွင်း  အများဆုံးတွေ့ရသည့် ငွေနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့် အပ်မှိုအမျိုးအစား တို့မှာ အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါတယ်။

DOCA(မန္တလေး)