
မန္တလေးစျေးကွက်အတွင်းသို့ မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုး အစားများမှာ ငွေနှင်းမှုံမှို၊ ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ ရှီတာကီမှို၊ တောင်ပို့မှို၊ ဝါးမှိုများ ဖြစ်ပါတယ်။ စျေးကွက်အတွင်း သဘာဝအတိုင်းထွက်ရှိသည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုး တွေ့ရှိ ရ ပါတယ်။မန္တလေးဒေသအတွင်း စိုက်ပျိုးထွက်ရှိသည့်မှိုအမျိုးမျိုးတို့အား တစ်နှစ်ပတ်လုံး တွေ့ ရှိရ ပြီး၊အများဆုံးတွေ့ရသော မှိုအမျိုးအစားများဖြစ်သည့် ငေွနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့် အပ်မှိုတို့ မှာ အရောင်းသွက်ကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း မန္တလေး စျေး ကွက်တွင် မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့်စျေးများမှာ ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကား စျေး ၅၅၀ဝိ/- စျေး၊လက်လီစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် လက္ကားစျေး ၇၀၀ဝိ/- လက်လီစျေး ၈၀၀ဝိ/- နှင့် ၉၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့်လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင် ၃၅၀ဝိ/- စျေး တို့ဖြင့် ရောင်းချလျက် ရှိကြောင်း မန္တလေးမြို့၊ ၄၁လမ်း၊ကမ်းနားလမ်း၊ ကုန်စိမ်းစျေးအတွင်း မှိုရောင်းချသူတစ်ဦးထံမှ သိရှိရ ပါတယ်။ မန္တလေးစျေးကွက်အတွင်း အများဆုံးတွေ့ရသည့် ငွေနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့် အပ်မှိုအမျိုးအစား တို့မှာ အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါတယ်။
DOCA(မန္တလေး)