
ကန့်ဘလူမြို့“မြို့မဈေး”နှင့် သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်များတွင် ရာသီစာဖရဲသီးများကို လှိုင်လှိုင်ရောင်းချလျက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံများမှမှာယူ၍ ပြန်လည်ရောင်းချကြောင်း သိရသည်။ ဖရဲသီးသည် အရည်ရွှမ်းပြီးချိုသောကြောင့် သရေစာအဖြစ်လည်းကောင်း၊ အဖျော်ရည် ဆိုင်များမှလည်း ဖရဲသီးဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကိုစိပ်၍သော်လည်းကောင်း ရောင်းချလျက်ရှိရာ ဝယ်ယူစားသုံးသူများ များပြားလျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း ဖရဲသီးဈေးနှုန်းမှာ ဖရဲသီးအသေး(၁)လုံးလျှင်(၃၀၀၀)ကျပ်၊ ဖရဲသီးအလတ် (၁)လုံးလျှင်(၄၀၀၀)ကျပ်၊ ဖရဲသီးအကြီး(၁)လုံးလျှင်(၅၀၀၀မှ၇၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ၊လူ ကြီးလူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)