Main menu

ကန့်ဘလူမြို့၏ ရာသီစာဖရဲသီးဈေးနှုန်းဈေးကွက်

Powered by Drupal

ကန့်ဘလူမြို့“မြို့မဈေး”နှင့် သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်များတွင် ရာသီစာဖရဲသီးများကို လှိုင်လှိုင်ရောင်းချလျက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံများမှမှာယူ၍ ပြန်လည်ရောင်းချကြောင်း သိရသည်။ ဖရဲသီးသည်  အရည်ရွှမ်းပြီးချိုသောကြောင့်  သရေစာအဖြစ်လည်းကောင်း၊ အဖျော်ရည် ဆိုင်များမှလည်း ဖရဲသီးဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကိုစိပ်၍သော်လည်းကောင်း ရောင်းချလျက်ရှိရာ ဝယ်ယူစားသုံးသူများ များပြားလျက်ရှိကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း   ဖရဲသီးဈေးနှုန်းမှာ ဖရဲသီးအသေး(၁)လုံးလျှင်(၃၀၀၀)ကျပ်၊ ဖရဲသီးအလတ် (၁)လုံးလျှင်(၄၀၀၀)ကျပ်၊ ဖရဲသီးအကြီး(၁)လုံးလျှင်(၅၀၀၀မှ၇၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ၊လူ ကြီးလူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)