စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တာဝန်ခံရုံး၌ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မင်းလှမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား ၉.၆.၂၀၂၂ ရက်နေ့ နံနက် (၁၁:၅၀) အချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ ၊ ဉပဒေ၏ ရည်ရွယ်ချက်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု နှင့်စပ်လျဉ်း၍ ဌာနမှ ဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များ ၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှ ဆန်အရည်အသွေး မြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးရေးတို့အတွက် အသိပညာပေးနေမှုများ ၊ စားသုံးသူများ ထိခိုက်နစ်နာမှုများ ပေါ်ပေါက်လာပါက စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ - CICC များ ဖွင့်လှစ်ထားရှိ၍ ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသူ ဆန်စက်လုပ်ငန်းရှင်များမှ သိလိုသည်များကို ပြန်လည်မေးမြန်းမှုများအား မြို့နယ်တာဝန်ခံမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ပဲခူး)