
၁၈.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အောက်လမ်းမကြီးရှိ စရီစူဠာမဏီတမီလ်စာသင်ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာမိုးမှ လူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း ဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာနမှ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဆိုးဆေးအန္တရာယ် အကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်ပိုစတာများ ပြသရှင်းလင်းပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်တင်ထံသို့ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၈၀) ဦးခန့် တက်ရောက်ကြောင်း သိရသည်။
DOCA(မွန်)