
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးတွင် မြေပဲအရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။ မြေပဲကို အဓိကအားဖြင့် စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုအနေဖြင့် စားသုံးကြသည်။ ထို့အပြင် မြေပဲဆားလှော်၊ မြေပဲစိမ့်ကြော်၊ မြေပဲယိုနှင့် အခြားအဆာပြေမုန့်များ အဖြစ်လည်း စားသုံးမှုပြုကြသည်။ ဈေးကွက်ဈေးနှုန်းအနေဖြင့် မြေပဲတစ်ပြည်လျှင် လက်ကား (၇၀၀၀)ကျပ်နှင့် လက်လီဈေး (၅၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချကြောင်းသိရသည်။ ယခင်နှစ်နှင့် နှိုင်းယှဥ်လျင် ယခုနှစ်သည် မြေပဲစိမ်းအရောင်းအဝယ်ပိုမိုဖြစ်ထွန်းကြောင်း သိရှိပါသည်။
DOCA(တနင်္သာရီ)