Main menu

ထားဝယ်မြို့ရှိမြေပဲစိမ်းစျေးနှုန်းစျေးကွက်

Powered by Drupal

             တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးတွင် မြေပဲအရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရသည်။ မြေပဲကို အဓိကအားဖြင့် စားသုံးဆီကြိတ်ခွဲထုတ်လုပ်မှုအနေဖြင့် စားသုံးကြသည်။ ထို့အပြင် မြေပဲဆားလှော်၊ မြေပဲစိမ့်ကြော်၊ မြေပဲယိုနှင့် အခြားအဆာပြေမုန့်များ အဖြစ်လည်း စားသုံးမှုပြုကြသည်။ ဈေးကွက်ဈေးနှုန်းအနေဖြင့် မြေပဲတစ်ပြည်လျှင် လက်ကား (၇၀၀၀)ကျပ်နှင့် လက်လီဈေး (၅၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချကြောင်းသိရသည်။ ယခင်နှစ်နှင့် နှိုင်းယှဥ်လျင် ယခုနှစ်သည် မြေပဲစိမ်းအ‌ရောင်းအဝယ်ပိုမိုဖြစ်ထွန်းကြောင်း သိရှိပါသည်။

DOCA(တနင်္သာရီ)