ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                  စီးပွားရေးနှင့်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးနိုင်ရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရန်အလို့ဌာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စီမံချက်များ ချမှတ်ဆောင်ရွက်လျှက်ရှိပါသည်။

                  ဇွန်လ(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များကို စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏(၂/၂၀၂၂)ကြိမ် မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ အရည်အသွေးနှင့် အလေးချိန် အချင်အတွယ်မှန်ကန်စေရေး၊ ဥပဒေညွှန်ကြားချက်များနှင့် ညီညွတ်မှုမရှိပါက အရေးယူနိုင်ရေးအတွက် သတ်မှတ်ခဲ့သည့် ဦးစားပေးဆောင်ရွက်သွားမည့် ကုန်စည်အမျိုးအစား(၇)မျိုးအား အဓိကထား၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

                အဆိုပါကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များရှိ ဆပ်ပြာခဲ(၂)မျိုးနှင့် သွားတိုက်ဆေး(၅)မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ပြည့်စုံမှုရှိသော်လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအသိပညာရရှိနိုင်စေရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုအပါ် တာဝန်ရှိမှုကို သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်၊ ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အားမခံ ပေးထားမှုအပါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းနှင့် အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သော အခွင့်အရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် စားသုံးသူအခွင့်အရေးဆုံးရှုံမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှ အာမခံမှုနှင့်အညီ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန