
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် မိသားစု စားဝတ်နေရေးတွက် မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် ညောင်ရွက်များကို လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် ရောင်းချနေသည့် ညောင်ရွက်ဈေးနှုန်းမှာ ညောင်ရွက်ပြုတ်(၁၀)ကျပ်သားခန့်(၁)လုံးလျှင်(၃၀၀)ကျပ်၊ (၂)လုံးလျှင် (၅၀၀)ကျပ်နှင့် ညောင်ရွက်ပြုတ်(၁)ပိဿာလျှင်(၃၀၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ညောင်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာတို့မှ လာရောက်ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)