Main menu

ကန့်ဘလူမြို့၊ မိုးမလင်းဈေးရှိ ညောင်ရွက်ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် မိသားစု စားဝတ်နေရေးတွက်  မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် ညောင်ရွက်များကို လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် ရောင်းချနေသည့်  ညောင်ရွက်ဈေးနှုန်းမှာ ညောင်ရွက်ပြုတ်(၁၀)ကျပ်သားခန့်(၁)လုံးလျှင်(၃၀၀)ကျပ်၊ (၂)လုံးလျှင် (၅၀၀)ကျပ်နှင့် ညောင်ရွက်ပြုတ်(၁)ပိဿာလျှင်(၃၀၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ညောင်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာတို့မှ လာရောက်ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)