
အကောက်ခွန်ဖိအားများကြောင့်ကမ္ဘာလုံးဆိုင်ရာ ရှုပ်ထွေးမှုများကြားတွင် ဗီယက်နမ် ပင်လယ်စာလုပ်ငန်းသည် ယခုနှစ်အတွက် ပို့ကုန်ရည်မှန်းချက်ပြည့်မီရန် ဈေးကွက်နှင့် ထုတ်ကုန် ကွဲပြားအောင်ဆောင်ရွက်ခြင်းအားဖြင့် ဗျူဟာမြောက်ရှေ့ဆက်နေကြောင်း သိရပါသည်။ ဗီယက်နမ်ပင်လယ်စာကဏ္ဍသည် ၂၀၂၅ ခုနှစ်တွင် ၂၀၂၄ ခုနှစ်ကထက် ၄.၃၅ ရာခိုင်နှုန်းကြီးထွား ကာ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရရှိရန် ရည်မှန်းချက်ချမှတ်ထား ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် ဗီယက်နမ်သည် ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့် ကာလထက် ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ အပေါင်းလက္ခဏာဆောင်သည့် ရလဒ်များရရှိခဲ့ ကြောင်း ပင်လယ်စာထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်း (VASEP) ၏အဆိုအရသိရပါ သည်။ ထိုကြီးထွားမှုတွင် အဓိကပါဝင်ခဲ့သည့် ထုတ်ကုန်များမှာ ပုဇွန်၊ pangasius ငါးနှင့် ခရုတို့ ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာဈေးနှုန်းများမြင့်တက်လာမှုနှင့် တရုတ်၊ ဂျပန်နှင့် ဥရောပသမဂ္ဂအစရှိသည့် အဓိကဈေးကွက်များထံမှ ဝယ်လိုအားမြင့်တက်လာမှုတို့ကြောင့် ဗီယက်နမ်သည် ယခုနှစ်၏ ပထမ ၄ လတကာကာလတွင် ပုဇွန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့သည် အမေရိကန် ဒေါ်လာ ၇၁၀ သန်းဖြင့် အကြီးမားဆုံးပင်လယ်စာပို့ကုန်ဈေးကွက်ဖြစ်ခဲ့ပြီး ၅၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဂျပန်သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၃၆ သန်းဖြင့်၂၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး အမေရိကန်မှာ အမေရိကန်ဒေါ်လာ၄၉၈ သန်းဖြင့် ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အခြားအရေးပါသောဈေးကွက်များတွင် ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယားတို့ပါဝင်ကြောင်း သိရ ပါသည်။ အမေရိကန်ထံမှ စွန့်စားရမှုအလားအလာများပေါ်ထွက်လာမှုကြောင့် ဗီယက်နမ် ပို့ကုန် လုပ်ငန်းရှင်များသည် ကြီးထွားနှုန်းကိုဆက်လက်ထိန်းသိမ်းရန် မဟာဗျူဟာများချိန်ညှိလျှက် ရှိကြောင်း သိရပါသည်။ ဗီယက်နမ်ပင်လယ်စာကုမ္ပဏီများသည်လည်း ဖြန့်ဖြူးမှုအရှိန်မြှင့်တင် ရန်၊ လုပ်ငန်းလည်ပတ်မှုစွမ်းရည်တိုးတက်ရန်နှင့် အရှေ့အလယ်ပိုင်းနှင့် ဩစတေးလျနှင့် ကနေဒါ ပါဝင်သည့် ပို့ကုန်ဈေးကွက်သစ်များတိုးချဲ့ရန် အဓိကရည်ရွယ်ထားကြောင်း သိရပါသည်။ ဘရာဇီးနှင့် ရုရှားတွင်လည်း အခွင့်အလမ်းများတံခါးပွင့်လာကြောင်း သိရပါသည်။ ဘရာဇီးသည် လတ်တလောတွင် ဗီယက်နမ်ထံမှ တီလားပီးယားငါးတင်သွင်းမှုပိတ်ပင်ထားခြင်းကိုပယ်ဖျတ်လိုက်သည့်အတွက် တီလားပီးယားနှင့် pangasius ငါး တင်ပို့သူများအတွက် ဗျူဟာမြောက် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ကြောင်း သိရပါသည်။ ရုရှားသို့တူနာတင်ပို့မှုမှာလည်း အမေရိ ကန်ဒေါ်လာ ၄၅ သန်းဖြင့် သိသာစွာကြီးထွားခဲ့ကြောင်းသိရပါသည်။ဥရောပသမဂ္ဂသည်လည်း ဗီယက်နမ်ပင်လယ်စာအတွက် အဓိကကဏ္ဍ၌ ရပ်တည်နေကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဥရောပသမဂ္ဂသို့ ပုဇွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀၇ သန်းတန်ဖိုးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ဂျာမနီ၊ ပြင်သစ်နှင့် ဘယ်ဂျီယမ်ဈေးကွက်များသို့ တင်ပို့မှုမှာလည်း ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကြီးထွားမှုအဟုန်ကိုဆက်လက်ထိန်းသိမ်းရန် အာဏာပိုင်များသည် မွေးမြူရေးသမားများနှင့် လုပ်ငန်းများအား ဗျူဟာမြောက်စီမံကိန်းနှင့် ထုတ်ကုန်ကွဲပြားမှုကို အဓိကထားရန်တိုက်တွန်းထားကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေး နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည်လည်း ကဏ္ဍ၏အသွင်ကူးပြောင်းမှုကိုပံ့ပိုးပေးရန် များစွာသောကနဦးဆောင်ရွက်မှုများကို အဆိုပြုထားကြောင်း သိရပါသည်။ ၎င်းတို့တွင် ရင်းနှီး မြှုပ်နှံမှုအတွက် မက်လုံး၊ အထူးမက်လုံး၊ စက်ဝန်းပုံရေနေဂေဟစနစ်များနှင့် သဘာဝပတ်ဝန်း ကျင်နှင့် သင့်လျော်သည့်မွေးမြူရေးစနစ်များပါဝင်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)