
မန္တလေးမြို့တွင်းရှိ ဈေးများတွင် ရာသီစာ အင်ဥနုနုလေးများ ဈေးကွက်အတွင်း စတင်ဝင်ရောက်နေပြီဖြစ်ပါသည်။ အင်ဥကို ဗန်းမော်၊ ကသာ၊ ဝန်းသိုနှင့် ကောလင်းနယ်များမှ ဝင်ရောက်ပြီး မန်းဈေးကွက်အတွင်း စတင်ဝင်ရောက်ရောင်းချနေပြီဖြစ်ပါသည်။ အင်ဥကို မြန်မာလူမျိုးအများစုက ကြိုက်နှစ်သက်ကြပါသည်။ အင်ဥကို ချက်စားခြင်း၊ သုတ်စားခြင်းများဖြင့် ထမင်း ကိုပို၍ မိန်စေပါသည်။ ပေါ်ဦးပေါ်ဖျား အင်ဥ ဈေးနှုန်းဈေးကွက်အနေနှင့် သီရိမာလာကုန်ဈေးတွင် အင်ဥ ၁ ပိဿာလျှင် ၈၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ထိ ဈေးနှုန်းများဖြင့် လက်လီအရောင်းသမား များကို ရောင်းချလျက်ရှိပြီး မန္တလေးမြို့တွင်းရှိ လက်လီဆိုင်များအနေနှင့် အင်ဥ ၁၀ ကျပ်သားလျှင် ၁၀၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်နှုန်းဖြင့် လက်လီရောင်းဝယ်လျက်ရှိပြီး အင်ဥအနေနှင့် ယခုရက်ပိုင်း အတွင်း အနည်းငယ်သာ ဝင်ရောက်မှုရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)