Main menu

မန်းမြို့တွင်း ပေါ်ဦးပေါ်ဖျား အင်ဥဈေးကွက်

Powered by Drupal

     မန္တလေးမြို့တွင်းရှိ ဈေးများတွင် ရာသီစာ အင်ဥနုနုလေးများ ဈေးကွက်အတွင်း စတင်ဝင်ရောက်နေပြီဖြစ်ပါသည်။ အင်ဥကို ဗန်းမော်၊ ကသာ၊ ဝန်းသိုနှင့် ကောလင်းနယ်များမှ ဝင်ရောက်ပြီး မန်းဈေးကွက်အတွင်း စတင်ဝင်ရောက်ရောင်းချနေပြီဖြစ်ပါသည်။ အင်ဥကို မြန်မာလူမျိုးအများစုက ကြိုက်နှစ်သက်ကြပါသည်။ အင်ဥကို ချက်စားခြင်း၊ သုတ်စားခြင်းများဖြင့် ထမင်း ကိုပို၍ မိန်စေပါသည်။ ပေါ်ဦးပေါ်ဖျား အင်ဥ ဈေးနှုန်းဈေးကွက်အနေနှင့် သီရိမာလာကုန်ဈေးတွင် အင်ဥ ၁ ပိဿာလျှင် ၈၀၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ထိ ဈေးနှုန်းများဖြင့်  လက်လီအရောင်းသမား များကို ရောင်းချလျက်ရှိပြီး မန္တလေးမြို့တွင်းရှိ လက်လီဆိုင်များအနေနှင့် အင်ဥ ၁၀ ကျပ်သားလျှင် ၁၀၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်နှုန်းဖြင့် လက်လီရောင်းဝယ်လျက်ရှိပြီး အင်ဥအနေနှင့် ယခုရက်ပိုင်း အတွင်း အနည်းငယ်သာ ဝင်ရောက်မှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)