ပြည်ဒေသ၏ ကျောက်ဖရုံသီး ဈေးကွက်

Powered by Drupal

   ကျောက်ဖရုံသီး သည် ကျန်းမာရေး အတွက် တန်ဖိုးရှိသော အသီးအနှံဖြစ်ပါသည်။ ကျောက်ဖရုံသီးကို ဟင်းချက်၍ စားကြသလို ကျောက်ဖရုံသီးကို ယိုထိုး၍လည်း စားသုံးကြပါ သည်။ ကျောက်ဖရုံပင်ကို စင်ထိုး၍ စီးပွားဖြစ် စိုက်ပျိုးနိုင်သည့်အပြင် နေရာဒေသမရွေး အလေ့ကျပေါက်သော အပင်တစ် မျိုးလည်းဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသအနီး တဝိုက်ရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့်ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ ဒညင်းကုန်း ဈေးနှင့် သီရိမင်္ဂလာဈေးများသို့ အခြား ကုန်စိမ်းများနှင့်အတူတင်ပို့ ရောင်းချကြကြောင်း သိရပါသည်။ ဇွန်လ ပထမပတ်စတင်ကာ ကျောက်ဖရုံသီးများ စတင်ပေါ်နေပြီဖြစ်ကြောင်း၊ တစ်ပင်လျှင် အလုံး(၅၀)မှ (၇၀)အထိသီး ကြောင်းသိရသည်။ ကျောက်ဖရုံသီးများကို ပီနံတစ်အိတ်လျှင် (၆)လုံးပါ အိတ် (၂၀-၂၅)အိတ်အထိ ရန်ကုန်သို့ ကားများဖြင့် တင်ပို့ရကြောင်း သိရသည်။ ကျောက်ဖရုံသီးဈေးမှာ ပေါ်ကာစ အချိန်တွင် အလုံးကြီးတစ်လုံးလျင် ၂၅၀၀- ၃၀၀၀ ကျပ်နှင့် အလုံးသေးတစ်လုံးလျင် ၁၅၀၀ -၂၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ လက်ရှိပေါက်ဈေးအရ ကျောက်ဖရုံယို တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ရှိကြောင်းလည်း သိရသည်။

DOCA(ပဲခူး)