စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

     (၁၇.၆.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ၊ရိုးကြီးအုန်းပင်ကွင်းကျေးရွာ  အ.မ.က(ရိုးကြီးအုန်းပင်ကွင်း)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊အားကစားနှင့် ကာယပညာဦးစီးဌာန၊  မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောပွဲအားဆောင်ရွက်ခဲ့ရာ တက်ရောက် ကျောင်းသား/​ကျောင်း သူ  (၈၅) ဦး၊ ဆရာ/ဆရာမ (၆) ဦး တက်ရောက်ခဲ့သည်။

     အဆိုပါဟောပြောပွဲတွင် ‌ ဦးခိုင်လွမ်းမိုး အကြီးတန်းစာရေးမှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ်ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေး နှင့်အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကိုဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြု ခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သိုမဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား/သူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖတ်ရှုရမည်ဖြစ်ပြီး နမူနာပစ္စည်းများဖြင့် ခင်းကျင်းပြသကာ ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)