ဂျပန်ငှက်ပျော (ခွံဝါ) စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်အား ကွင်းဆင်းလေ့လာ တင်ပြခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မရမ်းရိုင်ကျေးရွာရှိ ဦးနိုင်မျိုးဝင်း၏ ဂျပန်ငှက်ပျော(ခွံဝါ)သီးစိုက်ပျိုးထုတ်လုပ်နေမှုနှင့် အကျိုးအမြတ် အခြေအနေအား ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။

     ဆွေးနွေးမေးမြန်းရာတွင် ငှက်ပျောစိုက်တောင်သူ ဦးနိုင်မျိုးဝင်းမှ ဂျပန်ငှက်ပျော(ခွံဝါ)သီး စိုက်ပျိုးရာတွင် (၁) ဧကလျှင် စိုက်ကွက် (၇) တောင်ပတ်လည် စိုက်ပျိုးပါက အပင် (၄၅၀) ခန့်စိုက်ပျိုးနိုင်ကြောင်း၊ စတင်စိုက်ပျိုးချိန်သည် မေလတွင် စိုက်ပျိုးနိုင်ပြီး၊ အသီးခုတ်ချိန် (ဖေဖော် ဝါရီလ) အထိ  (၉) လကျော် ကြာမြင့်ကြောင်း၊ စိုက်ပျိုးစရိတ်၊ ဓာတ်မြေဩဇာနှင့် လုပ်သားခ စုစုပေါင်း ကုန်ကျစရိတ်မှာ (၁) ဧကလျှင် ပျမ်းမျှ (၃၅) သိန်းခန့်ကုန်ုကျပြီး၊ ယခုနှစ် ဂျပန်ငှက်ပျော(ခွံဝါ)သီးမှာ ဈေးကောင်းရရှိနေသောကြောင့် ဂျပန်ငှက်ပျော(ခွံဝါ) သီး တစ်ခိုင်လျှင် ပျှမ်းမျှ (၂၁၀၀၀) ကျပ် အထိရရှိနေသောကြောင့် (၁) နှစ်ပတ်လည်တွင် အပင်အပျက်အဆီးနှုတ်ပြီးလျှင် (၅၁) သိန်းကျပ်အထိ အကျိုးအမြတ်ရရှိနေကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)