ပုသိမ်မြို့တွင်ဈေးကွက်အတွင်းဝါးပိုးမျှစ်ဈေးကွက်အကြောင်း

Powered by Drupal

     မျှစ်အမျိုးစားအများပြားရှိသည့်အနက် ဝါးပိုးမျှစ်သည် ဈေးကွက်တွင် ဈေးကောင်းရရှိသောမျှစ်အမျိုးအစားတစ်မျိုးဖြစ်သည်။ ပုသိမ်မြို့နှင့်ရွာနီးချောက်စပ်များမှ လာရောက်ရောင်းချကြသည်။

     မျှစ်များကို ပါးပါးလှီး၍ သော်လည်းကောင်း၊ တို့စရာအရွယ်အစားသော်လည်းကောင်း၊ အသားဟင်းများနှင့်ချက်ပြုတ်စားသောက်ရသည့်အရွယ်အစားလည်းကောင်း၊ အရွယ်အစားအမျိုးစုံဖြင့် ရောင်းချကြပါသည်။

        မျှစ်ပါးပါးလှီးထားသည်များကို စားတော်ပဲပြုတ်ဖြင့် လည်းကောင်း၊ ကြက်ဥဖြင့်လည်းကောင်း ကြော်လှော်စားသောက်ကြသည်။ မြန်မာလူမျိုးတို့အကြိုက်ဖြစ်သော ငပိရည်နှင့် တို့စားရာတွင် လည်းကောင်း၊ ချဉ်ပေါင်ရွက်နှင့်ရောလျက်ကြော်စားရာတွင်လည်းကောင်း၊ အပိုင်းအစများကို ကြက်သား၊ ဝက်သားများနှင့်လည်းကောင်း ရောလျက် ချက်ပြုတ်စားသောက်ကြပါသည်။မျှစ်ဈေးနှုန်းများမှာ ပါးပါးလှီးထားသောမျှစ် တစ်ဆယ်ကျပ်သားလျှင် (၆၀၀-၇၀၀)ကျပ်ရှိပြီး၊ မျှစ်အပိုင်းအစနှင့် ဝါးပိုးမျှစ်တိုလေးများ တစ်ဆယ်ကျပ်သားလျှင် (၅၀၀-၆၀၀) ကျပ်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)