
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများမှ ကင်းမုံသီးကို စင်ထိုး ပြီး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီး စိုက်ပျိုးကြကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပိတောက် မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးများအတွင်း ရောင်းချလျက်ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး လက္ကား တစ်ပြည်လျှင်(၁၈၀၀)ကျပ်၊ လက်လီ တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင် (၁၀၀၀) ကျပ်၊ နို့ဆီ(၂)ဘူးလျှင် (၅၀၀) နှင့် နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း ကုန်စိမ်း ဈေးသည်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)