ရှမ်းကြက်သွန်ဖြူ ဈေးနှုန်းဈေးကွက်

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်( တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ဈေးကွက်အတွင်း ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ကြက်သွန်ဖြူအား လတ်ခြား ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅၊  ထူးလွန် လိုအဆင့်ခွဲပြီး ဈေးကွက်မှာ ရောင်းဝယ်လျက်ရှိပါတယ်။ လတ်ခြား ထူး-၁၊ ထူး-၂ ကိုဆိုရင် ဒေသတွင်းမှာ အရောင်းအဝယ်လုပ်ပြီး ဇွန်လတတိယပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ဒေသပေါက်ဈေးမှာ (လတ်ခြား) ကျပ် ၂၆၀၀၊ (ထူး-၁) ကျပ် ၃၀၀၀၊ (ထူး-၂) ကျပ် ၃၃၀၀၊ (ထူး-၃) ကျပ် ၄၀၀၀၊ (ထူး-၄) ကျပ် ၄၅၀၀၊ (ထူး-၅) ကျပ် ၅၅၀၀၊ (ထူးလွန်) ကျပ် ၆၀၀၀ ရှိကြောင်းသိရှိရပါတယ်။ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာလျှင် ပွဲရုံဈေးမှာ (လတ်ခြား) ကျပ် ၂၉၀၀၊ (ထူး-၁) ကျပ် ၃၃၀၀၊ (ထူး-၂) ကျပ် ၃၆၀၀၊ (ထူး-၃) ကျပ် ၄၃၀၀၊ (ထူး-၄) ကျပ် ၄၈၀၀၊ (ထူး-၅) ကျပ် ၅၈၀၀၊ (ထူးလွန်) ကျပ် ၆၃၀၀ ရှိကြောင်းသိရှိရပါတယ်။ ထွက်ရှိသော ရှမ်းကြက်သွန်ဖြူကို အောင်ပန်းမြို့မှ တစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြန်မာပြည်အနှံ့အပြားတွင် တင်ပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)