ဈေးကွက်အတွင်း ငါး၊ပုဇွန် ဈေးနှုန်းဈေးကွက်

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်တွင် ရွှေဘိုမြို့ရှိ  ငါး၊ပုဇွန် ရောင်းချသော ဒိုင်များတွင် ငါးမုတ်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိသာလျှင် (၁၃၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငါးကြင်းရွှေဝါ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ငါးတန်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ တီလားဗီးလားငါး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ငါးဥ တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊  ငါးကြင်းခြစ် တစ်ပိသာလျှင် (၁၆၀၀၀)ကျပ်နှင့် ပုဇွန်ထုပ် အလတ်ဆိုဒ်‌ တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

  ငါးဒိုင်များမှ ငါး၊ပုဇွန်များကို ရွှေဘိုမြို့ပေါ်ရှိ ဈေးများသို့လည်း လက်လီလက္ကား ရောင်းချသည့်အပြင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသ ကချင်ပြည်နယ်အတွင်းရှိ မြို့များသို့ လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ငါးဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)